သုတေတီတစ်ဦး၏ နာဂဒေသနှင့်လူမျိုးများအကြောင်း [Research about the future of local and indigenous people]

Newspaper Article
Singmila Shimrah
Singmila Shimrah
+ More
သုတေတီတစ်ဦး၏ နာဂဒေသနှင့်လူမျိုးများအကြောင်း [Research about the future of local and indigenous people]
Written: About S-CAR
Author: Staff
Published Date: November 02, 2014
Topics of Interest: Conflict Resolution, PeaceBuilding
URL:

အောက်တိုဘာလ ၂၉ ရက်နေ့တွင် Pyidaungsu Institute ၌ နာဂဒေသနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အကြောင်းအရာကို Ms. Singmila Shimrah က တင်ပြ ဆွေးနွေးခဲ့သည်။

အိန္ဒိယနိုင်ငံအတွင်း တည်ရှိသော နာဂဒေသနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အကြောင်း၊ မြန်မာနိုင်ငံအတွင်း တည်ရှိသော နာဂဒေသနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအကြောင်း၊ ၎င်းတို့၏ ငြိမ်းချမ်းရေးဖြစ်တွင် ပါဝင်ပတ်သက်ပုံများ၊ မတူညီသော နိုင်ငံနှစ်ခုတွင် တည်ရှိသော နာဂဒေသများ၏ အခြေအနေ ကွာဟချက်များ - တူညီမှုများ၊ နာဂ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအစိုးရ တို့၏ ဆက်ဆံရေးများ၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြည်တွင်း နာဂ လက်နက်ကိုင်အဖွဲ့အစည်း၏ ပတ်သက်ပုံများ၊ ၎င်းတို့၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း ပါဝင်မှုများကို တင်ပြ ဆွေးနွေးခဲ့သည်။

နာဂဒေသများ နှင့်ပတ်သက်၍ ၎င်း၏ အခြားသော တွေ့ရှိချက်များ၊ အမြင်များကိုလည်း ဆွေးနွေးခဲ့သည်။

Peacemaking Practice, School of Conflict Analysis and Resolution တွင် တာဝန်ထမ်းဆောင်နေကာ နာဂလူမျိုးဖြစ်ပြီး၊ နာဂဒေသနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ်တွင် သုတေသနပြုလုပ်လျက်ရှိသည်။

ဗြိတိသျှများ အာရှသို့ဝင်ရောက်လာပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကို သိမ်းပြီးသည့်ချိန်အထိ နာဂဒေသသည် လွတ်လပ်သော နယ်မြေအဖြစ် တည်ရှိနေခဲ့သည်။ သို့သော် နောက်ပိုင်းတွင် နာဂဒေသသည် ကိုလိုနီလက်အောက်သို့ သွတ်သွင်းခြင်းခံခဲ့ရသည်။

ဗြိတိသျှထံသို့ လွတ်လပ်ရေးရရန်အတွက် အိန္ဒိယနှင့်မြန်မာတို့ မတောင်းဆိုခင်ကတည်းက၊ နာဂတို့သည် နာဂနယ် လွတ်လပ်ရေးအတွက် စောပြီးတောင်းဆိုခဲ့သည်။

ဗြိတိသျှတို့ ကိုလိုနီနယ်များကို စွန့်လွတ်ပြီး လွတ်လပ်ရေးပေးသည့်အချိန်တွင် နာဂဒေသသည် မြန်မာ နိုင်ငံအနောက်ဖက်နှင့်အိန္ဒိယနိုင်ငံတွင် တစ်ပိုင်းစီပါသွားခဲ့ရာ အိန္ဒိယနိုင်ငံအတွင်းသို့ အများဆုံး ကျရောက်သွားခဲ့သည်။ အိန္ဒိယနိုင်ငံအတွင်းတွင် ၄ ပြည်နယ် - အာဆမ် (Assam)၊ အာရွန်နချာ (Arunachal Pradesh)၊ မဏိပူရ (Manipur) နှင့် နာဂလန်း (Nagaland) ဟူ၍ ၄ ပြည်နယ်ခွဲထားခြင်းခံရသည်။

Newspaper Articles By this Author
S-CAR.GMU.EDU | Copyright © 2017